-

စက္ကန့်ပိုင်းအတွင်း မျက်စိပါဝါကို အတိကျဆုံး တိုင်းတာတွက်ချက်ပေးနိုင်သော Auto Refractometer
-

ရေတိမ်ရှိမရှိ စစ်ဆေးရာတွင် မျက်စိကို ထိစရာမလိုဘဲ ကွန်ပျူတာစနစ်သုံး၍ အလိုအလျောက် လွယ်ကူစွာ တိုင်းတာပေးနိုင်သော Non-Contact Tonometer
-

မျက်မှန်ပါဝါနှင့် နေကာမှန် UV ကိုတိုင်းတာပေးနိုင်သော Digital Lensmeter
-

အတွင်းတိမ်ခွဲစိပ်ပြီး ဖြစ်ပေါ်လာတတ်သော အမြှေးပါးထူ၍ အမြင်အာရုံကျဆင်းစေမှုကို ကုသပေးနိုင်သော Yag Laser
-

ရေတိမ်ကြောင့်ဖြစ်တတ်သော အမြင်အာရုံချွတ်ယွင်းမှုနှင့် အခြားရောဂါများကို ခွဲခြားစစ်ဆေးနိုင်သော Zeiss Humphrey Visual Field Analyzer
-

ရေတိမ်ရောဂါ၊ ဆီးချိုရောဂါတို့ကြောင့် မျက်စိကွယ်တတ်ခြင်းများကို ကြိုတင်ကာကွယ်နိုင်ရန် အထိရောက်ဆုံး ရောဂါရှာဖွေပေးနိုင်သော နောက်ဆုံးပေါ် မျက်စိစမ်းသပ်စက်ကြီး Swept Source OCT
-

အတွင်းတိမ်မခွဲစိပ်မှီ မျက်စိအတွင်းထည့်ရမယ့် မျက်တွင်းမှန်(I.O.L) ပါဝါကို တိုင်းပေးနိုင်သော Biometry
-

အတွင်းတိမ်၊ ရေတိမ်နှင့် အခြားသောမျက်စိရောဂါများ ခွဲစိတ်ရာတွင် အသေးစိတ် တိကျစွာ မြင်တွေ့နိုင်သော ခွဲစိတ်ခန်းသုံး နောက်ဆုံးပေါ် ခေတ်မီစက်သစ်ကြီး ZEISS Lumera I Microscope
-

အတွင်းတိမ်ခွဲစိတ်ရန် (ECCE) ခေါ် လက်ဖြင့်ခွဲစိတ်ခြင်းအပြင်၊ မျက်စိကို ခွဲစရာမလို၊ ချုပ်စရာမလိုဘဲ Phaco-Emulsifier (Ultra Sound System) ဖြင့် အတွင်းတိမ်ကို ချေမွစုပ်ယူပြီး (Foldable I.O.L) အလွန်သေးငယ်၍ ခေါက်ထည့်ရသော မျက်တွင်းမှန်ထည့်ပေးခြင်းများကို လုပ်ဆောင်ပေးနိုင်သော Alcon LaureatePhaco
-

Ultrasound System သုံး၍ အတွင်းတိမ်နှင့် မျက်ကြည်လွှာကို ဖောက်ထွင်း၍ မမြင်ရသော အခြေအနေတွင် မျက်စိအမြင်လွှာရောဂါ (Retina Detachment) ကို စစ်ဆေးနိုင်သော Account B-Scan
